Guitar Chord Theory- Introduction | (ဂစ်တာကော့ဒ်သီအိုရီ- မိတ်ဆက်)

Introduction (မိတ်ဆက်)

Guitar chord theory(ဂစ်တာကော့ဒ် သီအိုရီ)သည် ဂစ်တာပေါ်ရှိ chord များကို လေ့လာခြင်းဖြစ်ပါသည်။ Chord Theoryတွင် Chordအသံများ၊ မတူညီသော Chord အမျိုးအစားများ (ဥပမာ- Triadsနှင့် Seventh chordsများ)ကို လေ့လာခြင်း၊ Scales(စကေး)များမှတဆင့်ကော့ဒ်များ ဆင်းသက်လာပုံနှင့် fretboard(ဂစ်တာလက်ကွက်) ပေါ်တွင် ယင်းတို့ကို ရှာဖွေခြင်းတို့ပါဝင်ပါသည်။

ဤဆောင်းပါးတွင် ဂစ်တာကော့ဒ်သီအိုရီကို အသုံးချပြီး ရိုးရှင်းသော Triads (သုံးသံစု chord) မှ အနည်းငယ်ပိုမိုရှုပ်ထွေးသော jazzier chords များအထိ chord တည်ဆောက်မှုအကြောင်း အလွယ်တကူ လေ့လာနိုင်မည်ဖြစ်ပါသည်။

ထို့အပြင် Triads နှင့် Seventh chords များအကြောင်းသီအိုရီ၊ extensions(အသံထပ်တိုးခြင်း) များကို ထည့်သွင်းနည်း၊ chord များညှိခြင်း၊ Diatonic chord များနှင့် နောက်ဆုံးတွင် jazz chords များတွင် မည်သို့သောextensionsများကို ခွင့်ပြုထားသည်ကို နားလည်ရန် အဆင့်ဆင့်သောသီအိုရီများကို ဖော်ပြထားပါသည်။

ဒီစာကိုဖတ်နေချိန်မှာ(ဂစ်တာအနည်းငယ် တီးတတ်နေပြီးသားဆိုရင်) သေချာတာတစ်ခုကတော့ သင်ဟာ ထောင်နဲ့ချီတဲ့ chord တွေကို သိပြီးပြီဆိုတာပါ။ အဘယ်ကြောင့်ဆိုသော် မည်သည့် chord တစ်ခုတည်းကိုမဆို မတူညီသောနေရာများစွာတွင် အသုံးပြုနိုင်သောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့်Chordsများကိုပိုမိုလေ့လာရန်မှာ ခက်ခဲသည့်ကိစ္စမဟုတ်ပါ။

ရေးသားသူ- ကျော်ကျော်

-အပိုင်း ၁ (Triads) ဆက်ရန်

Comments